ထိုင်းနိုင်ငံကို နယ်စပ်လမ်းကြောင်းတွေ က တစ်ဆင့် တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသား ၁၀၀ နီးပါး တစ်ရက် အတွင်း ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါသည်။ပထမအသုတ်ကို ကံဖယ်ဖစ်ခရိုင်၊ ကိုစမ်ဖီကျေးရွာအနီးတရားမဝင် မြန်မာနိုင်ငံသား ၅၈ ဦးကို တင်ဆောင်လာတဲ့ပစ်ကပ်ကား လေးစီးအား ပိတ်ဆို့ဖမ်းဆီးခဲ့ပြီး ၊ဒုတိယအသုတ်အဖြစ် တာ့က်ခရိုင်၊ မယ်လမတ်ကျေးရွာဘက်ကို သောင်းရင်းမြစ်ကို ဖြတ်ကူးကာ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၆ ဦးကို ည ၁၀ နာရီခန့်က ထပ်မံဖမ်းဆီးမိခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးခံရသူ တွေမှာ မြန်မာနိုင်ငံသား အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၃၇ ဦး ပါဝင်တယ်လို့သိရပါတယ်။ဖမ်းဆီးရမိသူတွေကို လက်ရှိ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ ပြောပါသည်။
Nov 20 • 4:27 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


