ပြည်ပကို ရွှေထည်၊ လက်ဝတ်ရတနာ၊ ရွှေနဲ့ ပြုလုပ်ထားတဲ့ အနုပညာပစ္စည်းနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပြန်လည်တင်ပို့သွားဖို့ စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကနေ သိရပါတယ်။၂ဝ၂ဝ ပြည့်နှစ် မတိုင်ခင်က ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို ရွှေထည် လက်ဝတ်ရတနာတွေ တင်ပို့ခဲ့ပေမယ့် အဲ့ဒီကာလနောက်ပိုင်း တင်ပို့မှုတွေ မရှိသလောက် နည်းပါးသွားတဲ့အကြောင်း YGEA တာဝန်ရှိသူက ပြောပါတယ်။အဲ့ဒါတွေကြောင့်ပဲ ရန်ကုန်မြို့ မှာရှိတဲ့ ရွှေပန်းတိမ်လုပ်ငန်း လုပ်ကိုင်သူ တစ်သောင်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ရွှေထည်တင်ပို့ရာမှာလည်း ၁၂ ပဲရည်နဲ့ ပြုလုပ်ထားတဲ့ ရွှေထည်တွေကို အများဆုံး တင်ပို့ရောင်းချမှာဖြစ်တာကြောင့် အရောင်းအဝယ် အဆင်ပြေနိုင်မယ်လို့ သိရပါတယ်။လက်ရှိ ရန်ကုန်တိုင်းဒေသကြီးမှာ ရွှေဆိုင် ၁ဝဝဝ ကျော်ခန့် ဓာတ်သတ္တု (ရွှေ) ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိထားပြီး လစဉ်ရွှေဆိုင်အသစ် (၂)ဆိုင်ခန့် ဖွင့်လှစ်လာတယ်လို့ သိရပါတယ်။
Nov 20 • 4:28 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 39 | 0 | 0 | 0 |


