ကမ္ဘာ့နိုင်ငံများ၏ ဘဏ်လုပ်ငန်း၊ငွေရေးကြေးရေးကဏ္ဍ ပြောင်းလဲတိုးတက်မှုနှင့်အတူ အာဆီယံနိုင်ငံများမှ ဆောင်ရွက်ရမည့်အခြေအနေများ ဆွေးနွေးခဲ့ပါတယ်။(၂၄) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံနှင့် (၅၃)ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းကောင်စီ အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာ(၁၉)ရက်မှ (၂၁)ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။ဒစ်ဂျစ်တယ် နည်းပညာများ တိုးတက်လာခြင်းသည် အာဆီယံဒေသတွင်း နိုင်ငံများ၏ ငွေရေးကြေးရေးကဏ္ဍ တွင် အားလုံးပါဝင်လာရေး ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရေးနှင့် နယ်စပ်ဖြတ်ကျော် ပေးချေမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို အထောက်အကူဖြစ်စေသော်လည်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာတိုက်ခိုက်ခံရမှု လိမ်လည်မှုများစသည့် ဆုံးရှုံးနိုင်ခြေအသစ်များကို ဖြစ်ပေါ်လာစေနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌက အစည်းအဝေး၌ အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။



