back

ထိုင်းတွင် နိုဝင်ဘာလ ၂၀ ကနေ ၂၉ ရက်အတွင်း ကျောက်ဖရားမြစ်ရေတက်ပြီး ဘန်ကောက်နဲ့ အနီးအနား ဧရိယာတွေမှာ ထပ်မံရေကြီးနိုင်

Nov 20 • 2:28 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် နိုဝင်ဘာလ ၂၀ ကနေ ၂၉ ရက်အတွင်း ကျောက်ဖရားမြစ်ရေတက်ပြီး ဘန်ကောက်နဲ့ အနီးအနား ဧရိယာတွေမှာ ထပ်မံရေကြီးနိုင်

ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၂၀ ရက်ကနေ ၂၉ ရက်အတွင်း ကျောက်ဖရား မြစ်တလျှောက်မှာ ရေမြင့်တက်မှုတွေ ဖြစ်ပေါ်နိုင်ပြီး ဘန်ကောက်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေကြီးနိုင်ခြေ ...

ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၂၀ ရက်ကနေ ၂၉ ရက်အတွင်း ကျောက်ဖရား မြစ်တလျှောက်မှာ ရေမြင့်တက်မှုတွေ ဖြစ်ပေါ်နိုင်ပြီး ဘန်ကောက်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေကြီးနိုင်ခြေ မြင့်တက်လာနိုင်တယ်လို့ အမျိုးသား ရေအရင်းအမြစ်ရုံးက ခန့်မှန်းထားပါတယ်။လက်ရှိမှာ နိုင်ငံတဝန်းက ရေလှောင်ကန်တွေဟာ ရေဝင်ဆံ့မှု ပမာဏရဲ့ ၉၀ ရာခိုင်နှုန်း (ကုဗမီတာ ၇၂.၁၆ ဘီလီယံ) ရှိနေပြီး သုံးစွဲနိုင်တဲ့ရေပမာဏက ၈၃ ရာခိုင်နှုန်း (ကုဗမီတာ ၄၈ ဘီလီယံ) ရှိတယ်လို့ အဲဒီအေဂျင်စီက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ပြောကြားပါတယ်။ရေဘေးသက်ရောက်နိုင်တဲ့ ခရိုင်တွေကတော့ Samut Prakan၊ Bangkok၊ Nonthaburi၊ Pathum Thani၊ Samut Sakhon၊ Nakhon Pathom နဲ့ Samut Songkhram တို့ ဖြစ်ပါတယ်။Nonthaburi မှာရှိတဲ့ Tha It ရပ်ကွက်က ပြည်သူတွေဟာ နိုဝင်ဘာလ ၁၉ ရက်နေ့က ရေတက်လို့ ရေကြီးမှုကို ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

news-view-count-icon

19