တောင်ကိုရီးယား ခရီးသည်တင် သင်္ဘောတစင်းဟာ နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းရှိ ကျောက်ဆောင်တွေပေါ်မှာ သောင်တင်ပြီးနောက် လိုက်ပါလာသူ ၂၆၇ ယောက်စလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ Queen Jenuvia 2 သင်္ဘောဟာ ကျောက်ဆောင်တခုပေါ်မှာ သောင်တင်ပြီး ရွေ့လျားနိုင်ခြင်း မရှိပေမယ့်လည်း လက်ရှိမှာ နစ်မြုပ်ခြင်း သို့မဟုတ် တိမ်းမှောက်မယ့် အန္တရာယ် မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီမတော်တဆမှုဟာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ဆီနန်ခရိုင်ရှိ ဂျန်ဆန်ကျွန်းအနီး ဖြစ်ပွားခဲ့တာပါ။ လူ ၂၇ ယောက် အနည်းငယ် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူမရှိဘူးလို့ ကမ်းခြေစောင့်တပ်က ဆိုပါတယ်။ကမ်းခြေစောင့်တပ်ကတော့ ဒီရေတက်ချိန်မှာ သင်္ဘောကို ကမ်းကို ဆွဲဖို့စီစဉ်ထားပါတယ်။ 
Nov 20 • 2:29 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


