back

တရုတ်နိုင်ငံ၏အမြန်ချောပို့လုပ်ငန်း ပထမ ၁၀ လအတွင်း ပုံမှန်တိုးတက်လာနေ

Nov 20 • 2:27 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၏အမြန်ချောပို့လုပ်ငန်း ပထမ ၁၀ လအတွင်း ပုံမှန်တိုးတက်လာနေ

တရုတ်နိုင်ငံ၏ အမြန်ချောပို့ကဏ္ဍတွင် ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း ပါဆယ်ထုပ်ပေါင်း ၁၆၂.၆၈ ဘီလီယံ ကိုင်တွယ်ဆောင်ရွက်ခဲ့ရကြောင်း ယမန်နှစ်အလားတူကာလထက် ၁၆.၁ ရာခိုင်နှုန...

တရုတ်နိုင်ငံ၏ အမြန်ချောပို့ကဏ္ဍတွင် ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း ပါဆယ်ထုပ်ပေါင်း ၁၆၂.၆၈ ဘီလီယံ ကိုင်တွယ်ဆောင်ရွက်ခဲ့ရကြောင်း ယမန်နှစ်အလားတူကာလထက် ၁၆.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။တရုတ်နိုင်ငံ၏ အမြန်ချောပို့လုပ်ငန်း အပါအဝင် ပိုမိုကျယ်ပြန့်သည့်စာတိုက်လုပ်ငန်းသည် အဆိုပါကာလအတွင်း ပါဆယ်ထုပ် စုစုပေါင်း ၁၇၇.၂၅ ဘီလီယံ ကိုင်တွယ်ဆောင်ရွက်ခဲ့ရပြီး ၂၀၂၄ ခုနှစ် ကာလတူထက် ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း နိုင်ငံ၏စာတိုက်လုပ်ငန်းဌာန အဆိုအရသိရသည်။

news-view-count-icon

21