back

TNLA ထိန်းချုပ်နယ်စပ်ဂိတ်များ တရုတ်ပြန်ဖွင့်သော်လည်း လူအသွားအလာ မရှိသလောက်နည်းပါးနေ

Nov 19 • 5:53 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

TNLA ထိန်းချုပ်နယ်စပ်ဂိတ်များ တရုတ်ပြန်ဖွင့်သော်လည်း လူအသွားအလာ မရှိသလောက်နည်းပါးနေ

TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နှင့် ထိစပ်နေသည့် မန်ဟီးရိုးနှင့် နောင်တောင်းဂိတ်များအား တရုတ်ဘက်မှ ပြန်ဖွင့်ပေးသော်လည်း အသွားအလာ နည်...

TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နှင့် ထိစပ်နေသည့် မန်ဟီးရိုးနှင့် နောင်တောင်းဂိတ်များအား တရုတ်ဘက်မှ ပြန်ဖွင့်ပေးသော်လည်း အသွားအလာ နည်းပါးနေပါတယ်။ယင်းဂိတ်များကို နိုဝင်ဘာဒုတိယပတ်အတွင်း စတင် ဖွင့်လှစ်ခဲ့သော်လည်း ကုန်သွယ်မှုအဆင့် မရှိသေးဘဲ လူအဝင်အထွက် မရှိသလောက် ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ “နယ်ခံတွေက ဒေသထွက်ကုန် ပြောင်းဖူး၊ မီးသွေးစတာတွေ အရင်လိုပဲ ပို့ရောင်းချင်တာ မရသေးဘူး။ တရုတ်ဘက်ကတော့ လူသုံးကုန်ထက် စားသောက်ကုန် တစ်ပိုင်တစ်နိုင်လာက်ပဲ ရတယ်။ ဒါတောင် TNLA က လွှတ်မှ တရုတ်ဘက်သွားခွင့်ရတာ၊ သူတို့ မှတ်ပုံတင် မလုပ်ထားတဲ့သူဆို သွားမရဘူး” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောသည်။မန်ဟီးရိုးမှ တရုတ်နိုင်ငံ၊ ရွှေလီသို့ ၅ မိုင်ခန့်သာကွာဝေးပြီး နမ့်ခမ်းဒေသထွက်ကုန်များကို ယခင်က တင်ပို့ရောင်းချခဲ့ကြကြောင်း သိရသည်။




news-view-count-icon

37