ရန်ကုန်မြို့မှ အမျိုးသမီးတစ်ဦးသည် ၎င်းနှင့် ချစ်သူအဖြစ် နှစ်လခန့် တွဲခဲ့သည့် ရဲရင့် ဆိုသူက မိသားစုဝင်များအား ယုံကြည်အောင်ပြုလုပ်ပြီးနောက် နေအိမ်ဖောက်ထွင်းခိုးယူမှု ကျူးလွန်ခဲ့ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ၎င်းအမျိုးသားသည် မိမိကိုယ်ကို နေပြည်တော် လေတပ်မှ အရာရှိကြီးတစ်ဦး၏သား အဖြစ် လိမ်ညာခဲ့ပြီး ပထမဆုံးတွေ့ဆုံသည့်နေ့မှစ၍ သိန်းပေါင်းများစွာ အကုန်အကျခံကာ ဇိမ်ခံပစ္စည်းများ ဝယ်ယူခြင်း၊ ဇိမ်ခံစားသောက်ဆိုင်များတွင် ရှင်းပေးခြင်းဖြင့် အမျိုးသမီးနှင့် မိသားစုအား ယုံကြည်မှုရယူခဲ့သည်။ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ၎င်းက မိဘချင်း စေ့စပ်ပေးရန် အကြောင်းပြကာ အမျိုးသမီးနှင့် မိဘများကို စားသောက်ဆိုင်သို့ ခေါ်ဆောင်ထားပြီးနောက်၊ အိမ်တွင်ကျန်ခဲ့သည့် ညီမဖြစ်သူကိုလည်း ဖုန်းယူကာ ဆေးရုံသို့ လိမ်လည်ပို့ဆောင်ခဲ့သည်။ ထို့နောက် ၎င်းနေအိမ်သို့ ပြန်လာပြီး မိဘများအခန်းမှ သော့ခတ်ထားသည့် သံသေတ္တာအား ပုံးလိုက်ယူဆောင်ကာ စုဆောင်းထားသည့် ရွှေများနှင့် ပိုက်ဆံများ ကို ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းလုပ်ရပ်သည် "ကျားဖြန့်" ပုံစံမျိုးဖြစ်ကြောင်းနှင့် အခြားသူများ သင်ခန်းစာယူနိုင်ရန် ထုတ်ဖော်ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသမီးတစ်ဦးကို ချစ်သူယောင်ဆောင်ကာ ယုံကြည်အောင်ပြုလုပ်ပြီးနောက် နေအိမ်ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား
Nov 19 • 5:49 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 27 | 0 | 0 | 0 |


