ထိုင်းနိုင်ငံ၊ ဖရာ နခွန် စီ အယုဒ္ဒယ (Phra Nakhon Si Ayutthaya) ခရိုင်တွင် ဆိုးရွားသော ရေကြီးမှုများကြောင့် နိုဝင်ဘာ ၁၉ ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာအရ သေဆုံးသူဦးရေ ၂၀ ဦးအထိ ရှိလာပြီး၊ ခရိုင် ၁၁ ခု၊ ကျေးရွာ ၈၉၉ ရွာမှ အိမ်ထောင်စု ၆၃,၁၇၆ စု ရေဘေးသင့်ခဲ့ကြောင်း ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးရုံး (DDPM) မှ သိရသည်။ အထူးသဖြင့် Phak Hai ခရိုင်၊ Tha Din Daeng ကျေးရွာအုပ်စုနယ်မြေမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး ရေအနက် ၃ မီတာမှ ၄ မီတာ အထိ လွှမ်းမိုးနေကာ အိမ်ထောင်စု ၆၀၀ ကျော် ရေဝိုင်းပိတ်မိနေသည်ဟု သတင်းများက ဖော်ပြသည်။

Nov 19 • 5:48 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


