back

ဂျပန်မင်းသမီး အဲအိကို လာအိုသမ္မတ ထောင်လွန်း စီဆိုလစ်နှင့် တွေ့ဆုံ

Nov 19 • 5:47 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

ဂျပန်မင်းသမီး အဲအိကို လာအိုသမ္မတ ထောင်လွန်း စီဆိုလစ်နှင့် တွေ့ဆုံ

ဂျပန်နိုင်ငံ၏ မင်းသမီး အဲအိကို (Aiko) သည် လာအို-ဂျပန် သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒုတိယသမ္မတ Pany Yathotou ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁၇ ရက်မှ ၂...

ဂျပန်နိုင်ငံ၏ မင်းသမီး အဲအိကို (Aiko) သည် လာအို-ဂျပန် သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒုတိယသမ္မတ Pany Yathotou ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ လာအိုနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်နေစဉ် နိုဝင်ဘာ ၁၈ ရက်နေ့တွင် လာအိုအမျိုးသားဝတ်စုံ ကို ဝတ်ဆင်ကာ သမ္မတ ထောင်လွန်း စီဆိုလစ် နှင့် တွေ့ဆုံခဲ့သည်။ မင်းသမီး အဲအိကိုသည် ဝန်ကြီးချုပ် Sonexay Siphandone နှင့်လည်း တွေ့ဆုံခဲ့ပြီး ဗီယန်ကျန်းမြို့ရှိ That Luang နှင့် Patuxay အထိမ်းအမှတ်နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကာ Baci ရိုးရာအခမ်းအနားကိုလည်း တက်ရောက်ခဲ့သည်။ မင်းသမီးသည် ယနေ့တွင် ခရီးစဉ်၏ အစိတ်အပိုင်းအဖြစ် လွမ်ပရာဘမ်မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

news-view-count-icon

16