ကမ္ဘောဒီးယားနိုင်ငံ၊ Tbong Khmum ပြည်နယ်၊ Ponhea Krek ခရိုင်၌ နိုဝင်ဘာ ၁၅ ရက် ညပိုင်းက တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းကို ရဲတပ်ဖွဲ့က လူသတ်မှုအဖြစ် သတ်မှတ်စုံစမ်းခဲ့ပြီးနောက် နိုဝင်ဘာ ၁၇ ရက်နေ့တွင် သံသယရှိသူ တရုတ်နိုင်ငံသား ၅ ဦး ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများမှာ ZHENG JIE၊ CHEN SHANG၊ ZHANG JILONG၊ CHEN SHANG HUI နှင့် ZHANG DE CHEN တို့ဖြစ်ကြသည်။ ရဲတပ်ဖွဲ့သည် ၎င်းတို့နှင့်အတူ သက်သေခံပစ္စည်းများအဖြစ် ရော်ဘာတုတ် ၃ ချောင်း၊ ကျဉ်စက် ၁ လုံးနှင့် ခိုးယူထားသော ကား ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် ဖမ်းဆီးရမိသူများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးအရေးယူနိုင်ရန်အတွက် ပြည်နယ်ရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။
Nov 19 • 5:45 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


