ကန့်ဘလူမြို့နယ်တွင် ပွင့်လင်းရာသီနှင့် အထွေထွေရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။ ၎င်းတို့သည် ပြည်သူများအား အမှိုက်မီးရှို့ခြင်းကို နံနက် ၄ နာရီမှ ၉ နာရီနှင့် ညနေ ၄ နာရီမှ ၇ နာရီအတွင်း စနစ်တကျ ပြုလုပ်ရန်၊ လမ်းသွားနေစဉ်နှင့် ယာဉ်မောင်းနှင်နေစဉ် ဆေးလိပ်မသောက်ရန်၊ စက်သုံးဆီရောင်းချသူများကို မြို့ပြင်တွင်သာ ရောင်းချရန်နှင့် မီးချိတ်၊ မီးကပ်၊ ရေ၊ သဲ စသည့် မီးသတ်ပစ္စည်းများကို စီမံထားရှိရန် စသည်တို့ကို အသိပေးခဲ့သည်။ လိုက်နာမှုမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သတိပေးနှိုးဆော်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့၌ မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်
Nov 19 • 1:13 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


