back

အကြိမ် (၆၀) မြောက် အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံက နေပြည်တော်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ

Nov 19 • 1:15 AM

breaking-news

မြန်မာ

နေပြည်တော်

cover

အကြိမ် (၆၀) မြောက် အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံက နေပြည်တော်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ

အကြိမ် (၆၀) မြောက် အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ (SOM) အစည်းအဝေးကို နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် မြန်မာနိုင်ငံက တတိယအကြိမ်မြောက် အိမ်ရှင်အဖ...

အကြိမ် (၆၀) မြောက် အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ (SOM) အစည်းအဝေးကို နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် မြန်မာနိုင်ငံက တတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် နေပြည်တော်၌ စတင်ကျင်းပခဲ့သည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အာဆီယံအသိုက်အဝန်း ၂၀၄၅ နှင့် အာဆီယံ ပေါင်းစည်းဆက်သွယ်မှု ၂၀၃၀ နှင့်အညီ အာဆီယံ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစီမံကိန်း (၂၀၂၆-၂၀၃၀) ဖော်ဆောင်နိုင်ရေးကို ကြိုဆိုကြောင်းနှင့် ရေရှည်တည်တံ့သော ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဖက်နိုင်ငံများ၏ ပံ့ပိုးမှုမှာ အရေးပါကြောင်း ပြောကြားခဲ့သည်။ ဤအစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အီးယူတို့မှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

16