ဘုန်းမောက်အသင်း၏ တောင်ပံကစားသမား အန်တွမ် ဆယ်မန်ယို (Antoine Semenyo) ၏ စာချုပ်လျော်ကြေး ပေါင် ၆၅ သန်း သည် လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ပထမဆုံး ရက်သတ္တပတ် နှစ်ပတ်အတွင်း စတင်အသက်ဝင်မည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ အသက် ၂၅ နှစ်အရွယ် ဂါနာလက်ရွေးစင် ဆယ်မန်ယိုသည် ပြီးခဲ့သည့်နွေရာသီက မန်ယူနိုက်တက်နှင့် စပါးအသင်းတို့၏ စိတ်ဝင်စားမှုကို ရရှိခဲ့သူဖြစ်ပြီး၊ ဇူလိုင်လ ၁ ရက်နေ့ကမှ ဘုန်းမောက်အသင်းနှင့် ငါးနှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းစာချုပ်သစ်တွင် လျော်ကြေး ပေါင် ၆၅ သန်း ပေးချေရမည့် အချက်ကို ထည့်သွင်းထားခဲ့ပြီး၊ ဆယ်မန်ယိုသည် ယခုရာသီ ပရီးမီးယားလိဂ် ၁၁ ပွဲတွင် ၆ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးကာ ခြေစွမ်းပြသထားသည်။



