back

ရန်ကုန်နှင့်မန္တလေးတွင် သံဃာတော် ၁၄၀ ကျော်ကို ဒီဇင်ဘာ ၄ ရက်နေ့တွင် သာသနာ့တက္ကသီလ မဟာဘွဲ့များ ဆက်ကပ်မည်

Nov 19 • 1:08 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်နှင့်မန္တလေးတွင် သံဃာတော် ၁၄၀ ကျော်ကို ဒီဇင်ဘာ ၄ ရက်နေ့တွင် သာသနာ့တက္ကသီလ မဟာဘွဲ့များ ဆက်ကပ်မည်

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်နှင့် မန္တလေး) တို့သည် ၁၃၈၄-၁၃၈၅ ပညာသင်နှစ်အတွက် သာသနာ့တက္ကသီလ မဟာဓမ္မာစရိယဘွဲ့ (MA) ၂၄ ...

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်နှင့် မန္တလေး) တို့သည် ၁၃၈၄-၁၃၈၅ ပညာသင်နှစ်အတွက် သာသနာ့တက္ကသီလ မဟာဓမ္မာစရိယဘွဲ့ (MA) ၂၄ ပါးနှင့် သာသနာ့တက္ကသီလ ဓမ္မာစရိယဘွဲ့ (BA) ၁၁၉ ပါး စုစုပေါင်း သံဃာတော် ၁၄၃ ပါး ကို ဘွဲ့ဆက်ကပ်မည်ဖြစ်သည်။ (၃၁) ကြိမ်မြောက် သာသနာ့တက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် (နတ်တော်လပြည့်နေ့) နေ့လယ် ၁ နာရီတွင် ရန်ကုန် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။

news-view-count-icon

24