back

ရန်ကုန်စတော့အိတ်ချိန်းတွင် အောက်တိုဘာလ၌ အရောင်းအဝယ်တန်ဖိုး ကျပ်သန်း ၃၀၀ ကျော် လျော့ကျ

Nov 19 • 1:04 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်စတော့အိတ်ချိန်းတွင် အောက်တိုဘာလ၌ အရောင်းအဝယ်တန်ဖိုး ကျပ်သန်း ၃၀၀ ကျော် လျော့ကျ

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ အချက်အလက်များအရ ပြီးခဲ့သည့် အောက်တိုဘာလတွင် စတော့ရှယ်ယာ အရောင်းအဝယ်တန်ဖိုးသည် စက်တင်ဘာလကထက် ကျပ် ၃၃၆ သန်းကျော် လျော့ကျခဲ့ကြောင်း ...

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ အချက်အလက်များအရ ပြီးခဲ့သည့် အောက်တိုဘာလတွင် စတော့ရှယ်ယာ အရောင်းအဝယ်တန်ဖိုးသည် စက်တင်ဘာလကထက် ကျပ် ၃၃၆ သန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။ စက်တင်ဘာလက စတော့ရှယ်ယာ အရေအတွက် ၃၂၀,၀၀၀ ကျော်ဖြင့် တန်ဖိုး ကျပ် ၈၆၇ သန်းကျော် အထိရှိခဲ့ရာမှ အောက်တိုဘာလတွင် အရေအတွက် ၁၅၀,၀၀၀ ကျော်နှင့် တန်ဖိုး ကျပ် ၅၃၀ သန်းကျော်သာ အရောင်းအဝယ်ရှိခဲ့သည်။ လက်ရှိတွင် YSX ၏ Main Board ၌ အများပိုင်ကုမ္ပဏီ ၈ ခုနှင့် ဒုတိယဈေးကွက်ဖြစ်သော Pre-Listing Board ၌ ကုမ္ပဏီတစ်ခုတို့ နေ့စဉ် အရောင်းအဝယ်ဆောင်ရွက်နေပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရန်အတွက် စာရင်းဝင်ကုမ္ပဏီများအနေဖြင့် ဘဏ္ဍာရေးကောင်းမွန်မှုနှင့် အနာဂတ်အလားအလာများကို ရင်းနှီးမြှုပ်နှံသူများ သိရှိအောင် ဖော်ပြပေးရန် လိုအပ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ထောက်ပြခဲ့သည်။

news-view-count-icon

25