ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဆားဖိုစုရပ်ကွက်တွင် နေထိုင်သည့် ဒေါ်ဝင်းခိုင်ဆိုသူမှာ ပြည့်တန်ဆာလုပ်ငန်းဖြင့် အကျိုးစီးပွားလုပ်ကိုင်သည်ဆိုသော စွပ်စွဲချက်ဖြင့် ပေါင်မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရစဉ် ၎င်း၏ခင်ပွန်းဖြစ်သူ မျိုးဇော်သိန်း (ခ) ကိုမျိုး ကိုလည်း နိုဝင်ဘာ ၁၇ ရက် ညပိုင်းက မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ဝင်များက ကြိုတင်သတင်းအရ ၎င်းတို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ မီးဖိုချောင်ရှိ စတိုခန်းမှ ကွန်ကရစ်အုတ်ခေါင်းပေါက်တစ်ခုအတွင်း ဝှက်ထားသော ကာလတန်ဖိုး ကျပ် ၄၅၀,၀၀၀ ခန့်ရှိသည့် WY ပန်းရောင်ဆေးပြား ၁၅၀ ပြား ကို သိမ်းဆည်းရမိခဲ့သည်။ ထို့ကြောင့် မျိုးဇော်သိန်း (ခ) ကိုမျိုးကို ဇင်းကျိုက်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်၌ ဇနီးဖြစ်သူ ပြည့်တန်ဆာမှုဖြင့် အမှုရင်ဆိုင်နေစဉ် ခင်ပွန်းဖြစ်သူ မူးယစ်ဆေးမှုဖြင့် ထပ်မံဖမ်းဆီးခံရ
Nov 19 • 12:59 AM
မြန်မာ
မွန်
မျှဝေမည်
| 20 | 0 | 0 | 0 |


