တိုကျိုနှင့် ပေကျင်းအကြား သံတမန်ရေးတင်းမာမှုများ နက်ရှိုင်းလာခြင်းကြောင့် တရုတ်နိုင်ငံတွင် ဂျပန်ရုပ်ရှင် အနည်းဆုံး နှစ်ကား ပြသမှုကို ရုပ်ရှင်ဖြန့်ဖြူးသူများက ရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ပြောကြားခဲ့သည်။ ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီ၏ ထိုင်ဝမ်နှင့်ပတ်သက်သော ပြောစကားများကြောင့် တရုတ်နိုင်ငံ၏ ပြင်းထန်သော တုံ့ပြန်မှုများ ဖြစ်ပေါ်ပြီး နှစ်ပတ်အကြာတွင် ယခုကဲ့သို့ ရပ်ဆိုင်းမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရုံတင်ပြသရန် စီစဉ်ထားသည့် Crayon Shin-chan the Movie: Super Hot! Scorching Kasukabe Dancers နှင့် Cells at Work! အပါအဝင် ရုပ်ရှင်အချို့ကို တရုတ်ပြည်မကြီးတွင် ပြသတော့မည် မဟုတ်ကြောင်း CCTV က ဆိုသည်။ ထို့အပြင် တရုတ်အစိုးရက ဂျပန်သို့ ခရီးမသွားရန် နိုင်ငံသားများကို အကြံပြုခဲ့ပြီးနောက် စနေနေ့မှစ၍ တရုတ်လေကြောင်းလိုင်းများတွင် ဂျပန်ခရီးစဉ်လက်မှတ် ဖျက်သိမ်းမှု ၄၉၁,၀၀၀ ခန့် (ကြိုတင်ဘွတ်ကင် စုစုပေါင်း၏ ၃၂ ရာခိုင်နှုန်း) ရှိခဲ့ပြီး၊ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပူပန်မှုသည် ခရီးစဉ်ဖျက်သိမ်းမှုအတွက် အဓိကအချက်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
ဂျပန်ဝန်ကြီးချုပ်၏ မှတ်ချက်ကြောင့် တရုတ်နိုင်ငံတွင် ဂျပန်ရုပ်ရှင်များ ပြသမှု ရပ်ဆိုင်း၊ ခရီးသွားလာရေးပါ ထိခိုက်
Nov 19 • 12:58 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


