back

ကမ္ဘောဒီးယား ပွိုင်ပတ်ရှိ ကျားဖြန့်စင်တာ၌ ထိုင်းလူငယ်တစ်ဦး သံတုတ်ဖြင့်ရိုက်၊ ရှော့တိုက်နှိပ်စက်ခံရပြီး ထပ်မံသေဆုံး

Nov 19 • 12:55 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယား ပွိုင်ပတ်ရှိ ကျားဖြန့်စင်တာ၌ ထိုင်းလူငယ်တစ်ဦး သံတုတ်ဖြင့်ရိုက်၊ ရှော့တိုက်နှိပ်စက်ခံရပြီး ထပ်မံသေဆုံး

နိုဝင်ဘာ ၁၈ ရက် သတင်းများအရ၊ ထိုင်းနယ်စပ် ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပတ် (Poipet) ရှိ ကျားဖြန့်စင်တာတွင် ဆူရာဝပ် (ခေါ်) တိုတို အမည်ရှိ ဆမတ်ပရာကန်ခရိုင်သား ထိုင်...

နိုဝင်ဘာ ၁၈ ရက် သတင်းများအရ၊ ထိုင်းနယ်စပ် ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပတ် (Poipet) ရှိ ကျားဖြန့်စင်တာတွင် ဆူရာဝပ် (ခေါ်) တိုတို အမည်ရှိ ဆမတ်ပရာကန်ခရိုင်သား ထိုင်းလူငယ်အမျိုးသားတစ်ဦးသည် သံတုတ်ဖြင့် ရိုက်နှက်ခြင်းနှင့် ကျဉ်စက်ဖြင့် ရှော့ရိုက်နှိပ်စက်ခြင်း များကြောင့် ထပ်မံသေဆုံးခဲ့ကြောင်း ပြည်ပရောက်ထိုင်းနိုင်ငံသားများ ကူညီရေးစင်တာ (IMF) က ထုတ်ပြန်ခဲ့သည်။ ၎င်းသေဆုံးခဲ့သည့် နေရာသည် လွန်ခဲ့သောတစ်ရက်က နေ့စဉ်ကန့်သတ်ချက်မပြည့်၍ ထိုင်ထ အကြိမ် ၂၀၀၀ အထိ လုပ်ခိုင်းကာ ရှော့တိုက်ခံရပြီး သေဆုံးသွားခဲ့သည့် ထိုင်းအမျိုးသမီးငယ် မစ္စဆူဒါ သေဆုံးခဲ့သော ပွိုင်ပတ် အမှတ် ၂၁၈၊ ၆ လွှာရှိ ကျားဖြန့်အလုပ် ဖြစ်သည်။ IMF သည် သေဆုံးသူ ဆူရာဝပ်၏ ရုပ်အလောင်းနှင့်အတူ ၎င်း၏သူငယ်ချင်းများ အပါအဝင် ထိုင်းနိုင်ငံသား ၁၄ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

news-view-count-icon

18