မြန်မာနိုင်ငံမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဝမ်ကျိကျောင်းတို့သည် နိုဝင်ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ၊ ပေကျင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤ MoU သည် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့နိုင်ရေး၊ နယ်စပ်ဂိတ်များတွင် စစ်ဆေးရေးစနစ်များ အဆင့်မြှင့်တင်ရေး၊ တရားမဝင် ဝင်ထွက်သွားလာမှု လျော့နည်းပပျောက်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် အွန်လိုင်းလောင်းကစားမှု/လိမ်လည်မှု လုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေး စသည့် ရည်ရွယ်ချက်များဖြင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ရည်ရွယ်သည်။

Nov 19 • 12:53 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 41 | 0 | 0 | 0 |


