back

ရခိုင်ပြည်နယ်နှင့်မလေးရှားနိုင်ငံသို့ပို့ဆောင်မည့်မူးယစ်ဆေးဝါး ၄,၀၀၀ကီလိုဂရမ် ဖမ်းဆီးရမိ

Nov 19 • 12:51 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ရခိုင်ပြည်နယ်နှင့်မလေးရှားနိုင်ငံသို့ပို့ဆောင်မည့်မူးယစ်ဆေးဝါး ၄,၀၀၀ကီလိုဂရမ် ဖမ်းဆီးရမိ

မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ မြေအောက်ခန်းအတွင်း သိုဝှက်ထိန်းသိမ်းထားသည့် ICE မူးယစ်ဆေးဝါး ၄,၀၀၀ ကီလိုဂရမ် (တန်ဖိုးငွေကျပ် ၁၂၀ ဘီလီယံခန့...

မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ မြေအောက်ခန်းအတွင်း သိုဝှက်ထိန်းသိမ်းထားသည့် ICE မူးယစ်ဆေးဝါး ၄,၀၀၀ ကီလိုဂရမ် (တန်ဖိုးငွေကျပ် ၁၂၀ ဘီလီယံခန့်) ကို ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာ ၁၈ ရက်တွင် နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးရမိသူ ၂ ဦး၏ ထွက်ဆိုချက်အရ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းများ၌ ဆက်စပ်တရားခံ ၂၄ ဦးကို ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး၊ အဆိုပါ မူးယစ်ဆေးဝါးများကို မလေးရှားနှင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် စီစဉ်နေစဉ် ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ခဲယမ်းနှင့် ကုန်တင်သင်္ဘော ၂ စီးကိုလည်း သိမ်းဆည်းရမိခဲ့ပြီး၊ တရားခံများအား ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

news-view-count-icon

25