အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ကျွန်းမှာ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်အထိ ကျင်းပခဲ့တဲ့ (၁၆)ကြိမ်မြောက် ကမ္ဘာ့ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲမှာ မြန်မာအားကစားသမားတွေက ဆုတံဆိပ်(၅)ခု ဆွတ်ခူးရရှိခဲ့ တယ်လို့ မြန်မာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ကနေ သိရပါတယ်။အဲဒီပြိုင်ပွဲကို ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်(WBPF)နဲ့ Indonesia Body Building and Fitness Federation တို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး အဲဒီပြိုင်ပွဲကို မြန်မာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစား အဖွဲ့က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့က ပြိုင်ပွဲအမျိုးအစား ၆ မျိုးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ပြိုင်ပွဲမှာ မြန်မာအားကစားသမားတွေက ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၂)ခုနဲ့ ကြေးတံဆိပ်(၂)ခု စုစုပေါင်း ဆုတံဆိပ်(၅)ခုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ မြန်မာကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ အားကစားနှင့် ကာယပညာဦးစီးဌာနက တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အဖွဲ့က တာဝန်ရှိသူတွေ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)က သင်တန်းသား/ သင်တန်းသူတွေ၊ မိဘ ပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။



