back

ရန်ကုန်ရှိ ရွှေဆိုင် ၅ ဆိုင်ခန့်ကို လစဉ် စစ်ဆေးသွားမည်ဟုဆို

Nov 18 • 8:56 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်ရှိ ရွှေဆိုင် ၅ ဆိုင်ခန့်ကို လစဉ် စစ်ဆေးသွားမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရွှေဆိုင် ၅ ဆိုင်လောက်ကို လစဉ် ဝင်ရောက်စစ်ဆေးသွားမယ်လို့ ရန်ကုန် တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က...

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရွှေဆိုင် ၅ ဆိုင်လောက်ကို လစဉ် ဝင်ရောက်စစ်ဆေးသွားမယ်လို့ ရန်ကုန် တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။နိုဝင်ဘာလ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ ပြုလုပ်တဲ့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ်(၂၆)ဖွင့်ပွဲမှာ ဥက္ကဋ္ဌ ဦးမျိုးမြင့်က အခုလို ဖြေကြားခဲ့တာဖြစ်ကာရွှေဆိုင်တွေကို ဝင်ရောက်စစ်ဆေးတဲ့အခါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး စာရင်းစစ် စစ်ဆေး ရေးအဖွဲ့တွေနဲ့ ရန်ကုန်တိုင်းဒေသကြီးရွှေ လုပ်ငန်းရှင်များအသင်းက ကိုယ်စားလှယ်တွေပါဝင်တဲ့ အဖွဲ့တွေ ပူးပေါင်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ဒီလို ဝင်ရောက်စစ်ဆေးရာမှာ ရွှေဆိုင်တွေအနေနဲ့ သတ်မှတ်စည်းကမ်းချက်တွေအတိုင်း ရောင်းချတာမျိုး မရှိရင် အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေနဲ့ အရေးယူသွားမှာ ဖြစ်ပါတယ်။ရွှေဆိုင်တွေအနေနဲ့ အရောင်းအဝယ်လုပ်ဆောင်တဲ့အခါ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ က သတ်မှတ်ထားတဲ့ ရွှေရည်ညွှန်း ဈေးအပေါ် အခွန် ၃ ရာခိုင်နှုန်းနဲ့ အထွေထွေကုန်ကျစရိတ် စတာတွေကို ထိုက်သင့်တဲ့ နှုန်းထားတစ်ခု ထည့်ပေါင်းရောင်းချဖို့ ခွင့်ပြုထားပါတယ်။လက်ရှိမှာလည်း မြန်မာ့ရွှေကို ကမ္ဘာ့ဈေးကွက်မှာ စံချိန်စံညွှန်းပြည့်မီစွာနဲ့ ရောင်းချနိုင်ဖို့အတွက် အရည်အသွေး စစ်ဆေးနိုင်မဲ့ ဓာတ်ခွဲခန်းဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာ နာမည်ကြီး ရွှေဆိုင်ကြီးတွေ အပါအဝင် ရွှေဆိုင် ၅,၀၀၀ ကျော်လောက်ရှိပြီး ဓာတ် သတ္တု(ရွှေ) ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားတဲ့ ရွှေဆိုင် ၁,၈၀၀ လောက်မှာ ၁,၅၀၀ လောက်က လိုင်စင် ရရှိထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

news-view-count-icon

28