back

မြန်မာနိုင်ငံအ‌ေရးအထူးသံတမန်အဖြစ် ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီးထေရေဆာ လာဇာရိုကိုအား ဖိလစ်ပိုင်သမ္မတမှခန့်အပ်

Nov 18 • 8:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာနိုင်ငံအ‌ေရးအထူးသံတမန်အဖြစ် ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီးထေရေဆာ လာဇာရိုကိုအား ဖိလစ်ပိုင်သမ္မတမှခန့်အပ်

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် ရိုမြူရယ်ဒေ မာကိုစ်သည် လာမည့်နှစ် အာဆီယံဥက္ကဋ္ဌတာဝန်ယူမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရန် အထူးသံတမန်...

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် ရိုမြူရယ်ဒေ မာကိုစ်သည် လာမည့်နှစ် အာဆီယံဥက္ကဋ္ဌတာဝန်ယူမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရန် အထူးသံတမန်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ထေရေဆာ လာဇာရိုကို သောကြာနေ့တွင် ခန့်အပ်ခဲ့သည်၂၀၂၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို စတင်ထမ်းဆောင်မည့် ဖိလစ်ပိုင်သည် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးရရှိရေးကို ဆက်လက်ရပ်တည်ကာ တောင်းဆိုသွားမည်ဖြစ်ကြောင်း နိုင်ငံတကာဥပဒေများကို လိုက်နာကာ သမားရိုးကျနှင့် သမာရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မားကို့စ်က ပြောကြားခဲ့သည်။


news-view-count-icon

48