တရုတ်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လတာ ကာလအတွင်း ယခင်နှစ် အလားတူကာလထက် ၁၅.၇ ရာခိုင်နှုန်း မြင့်တက်လာပြီး စုစုပေါင်း ၅.၆ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချသူများအသင်း၏ အချက်အလက်များအရ နိုဝင်ဘာ ၁၈ ရက်တွင် သိရသည်။ အထူးသဖြင့် စွမ်းအင်သစ်သုံး မော်တော်ယာဉ် (NEV) တင်ပို့မှုသည် ၂.၀၁ သန်းအထိရှိကာ ယခင်နှစ်ထက် ၉၀.၄ ရာခိုင်နှုန်း အထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး၊ အောက်တိုဘာလ တစ်လတည်းတွင်ပင် NEV တင်ပို့မှုမှာ ၉၉.၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
Nov 18 • 8:27 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


