back

စင်ကာပူတွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် မြတ်နိုး၏ Fan Meeting အောင်မြင်စွာ ပြီးဆုံး

Nov 18 • 8:25 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

စင်ကာပူတွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် မြတ်နိုး၏ Fan Meeting အောင်မြင်စွာ ပြီးဆုံး

သရုပ်ဆောင် မြတ်နိုးသည် စင်ကာပူနိုင်ငံ၌ ပထမဆုံးအကြိမ် ပြုလုပ်သည့် ၎င်း၏ Fan Meeting ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးနောက် ပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပ...

သရုပ်ဆောင် မြတ်နိုးသည် စင်ကာပူနိုင်ငံ၌ ပထမဆုံးအကြိမ် ပြုလုပ်သည့် ၎င်း၏ Fan Meeting ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးနောက် ပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးခဲ့သူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အချိန်တိုအတွင်း စိတ်ရောကိုယ်ပါ စီစဉ်ပေးခဲ့သူ ကိုမင်းကွန်း နှင့် စပွန်ဆာပေးခဲ့သည့် အန်တီထိုက်၊ ဦးသူရနှင့် Htike ThuRa Store တို့ကို အထူးကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ဖျော်ဖြေရေးကဏ္ဍတွင် အနုပညာအားဖြင့် ပံ့ပိုးကူညီပေးခဲ့သော ကိုရေမွန် နှင့်အတူ၊ ပွဲတစ်လျှောက်လုံး အဆင်ပြေချောမွေ့အောင် ကူညီပေးခဲ့သည့် Ko Wayne Home Studio၊ ဦးထော၊ ကို Sweet၊ ကိုကျော်ဇင်၊ မ MZ၊ မ Amy နှင့် Volunteer အဖွဲ့သားများ အပါအဝင် အစားအစာများ ပြင်ဆင်ပေးခဲ့သူများအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ နောက်ဆုံးအနေဖြင့် လာရောက်အားပေးကြသော ပရိသတ်များအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် ချစ်ခြင်းမေတ္တာများ ဆက်လက်ပေးကြပါရန် တောင်းဆိုခဲ့သည်။

news-view-count-icon

29