သရုပ်ဆောင်အိချောပိုဟာ အိမ်ထောင်သက်တမ်း ၂ နှစ်ပြည့်မှာ ဒုတိယရင်သွေးလေးကို လွယ်ထားရပြီလို့ သိရပါတယ်။ သူမအတွက်တော့ ရတနာလေးတစ်ခုကို ထပ်မံရရှိလာခဲ့တာလို့ ဆိုပါတယ်။ အိချောပိုဟာ ပထမ သမီးလေးကို မွေးဖွားထားပြီး ယခုအချိန်မှာတော့ သားယောက်ကျားလေးကို လွယ်ထားရပြီဖြစ်တာကြောင့် သားတစ်ဦး ၊ သမီးတစ်ဦးကို ပိုင်ဆိုင်ခွင့်ရတော့မှာပဲဖြစ်ပါတယ်။



