ဂျပန်နိုင်ငံက လူသိများတဲ့ ခရီးသွားနေရာတစ်ခုမှာ Facebook မှာ Follower ၆.၄ သန်းရှိတဲ့ ထိုင်းလူမျိုး Social Media အကျော်အမော်တစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အင်္ကျီမပါဘဲ ကားခေါင်မိုးပေါ်တက်ပြီး ကနေတဲ့ ဗီဒီယိုတစ်ခု တင်ခဲ့တာကြောင့် မသင့်လျော်တဲ့ အပြုအမူအတွက် စွပ်စွဲခံနေရပါတယ်။ထိုဗီဒီယိုဖိုင်ဟာ အင်တာနက်ပေါ်မှာ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပြီး၊ မလေးမစားလုပ်ရာရောက်တယ်၊ မသင့်လျော်ဘူး လို့ ယူဆကြတဲ့ ထိုင်းအင်တာနက် အသုံးပြုသူတွေဆီကနေ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရရှိခဲ့ပါတယ်။ဂျပန်နိုင်ငံဟာ မကြာသေးခင်က နိုင်ငံခြားသား ခရီးသွားတွေအတွက် စည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်ထားတာကြောင့်၊ အင်တာနက် အသုံးပြုသူအချို့က ဒီလိုမျိုး အပြုအမူတွေဟာ ထိုင်းခရီးသွားတွေရဲ့ ဂုဏ်သတင်းကို ထိခိုက်စေနိုင်ပြီး နောင်အနာဂတ် ခရီးစဉ်တွေကိုပါ ဆိုးကျိုးသက်ရောက်စေနိုင်တယ်လို့ သတိပေးခဲ့ကြပါတယ်။မှတ်ချက်ပေးသူ အများအပြားက အဆိုပါ Social Media အကျော်အမော်ကို ဒေသခံဓလေ့ထုံးတမ်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းတွေကို လေးစားဖို့ တောင်းဆိုခဲ့ကြပါတယ်။ဒါကို တုံ့ပြန်တဲ့အနေနဲ့ သူက "သူတို့က ငါ့ကို ထိုင်းလူမျိုးမှန်း ဘယ်လိုသိမှာလဲ" လို့ ရေးခဲ့တဲ့အတွက် အွန်လိုင်းပေါ်က အငြင်းပွားမှုတွေကို ပိုပြီး ကြီးထွားလာစေခဲ့ပါတယ်။



