ခိုငှက်တွေကို အစာကျွေးခြင်းက ကြင်နာခြင်းနဲ့ အလေးထားခြင်းအဖြစ် မှတ်ယူကြသလို ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းမေတ္တာပြယုဂ်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုမျိုး လူသားဆန်တဲ့လုပ်ရပ်က ကျန်းမာရေးကို တိတ်တဆိတ် အန္တရာယ်ပေးနေပါတယ်။ အိန္ဒိယ Yatharth Super Specialty ဆေးရုံမှ အဆုတ်ဌာနညွှန်ကြားရေးမှူး ဒေါက်တာ ဂါမိဆင်းချက်ဘရာက ခိုတွေကို အစာကျွေးခြင်းဖြင့် ပြင်းထန်တဲ့ အဆုတ်ရောဂါတွေ ဖြစ်နိုင်ပြီး ခိုတွေဆီက ထွက်လာတဲ့အရာတွေဟာ ခြောက်သွေ့သွားတဲ့အခါ လေထဲသို့ ပျံ့နှံ့သွားတယ်လို့ ပြောပါတယ်။ ထိုအမှုန်တွေထဲမှာ မှို၊ ဘက်တီးရီးယား၊ ပရိုတိန်းများ ပါဝင်ပြီး မသိလိုက်ဘဲ ရှူရှိုက်မိကာ အဆုတ်ရောင်ရောဂါ ဖြစ်နိုင်ခြေရှိတယ်လို့ ရှင်းပြပါတယ်။



