မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ နှစ်စဉ်သတ်မှတ်ပမာဏထက် ပိုမိုတင်ပို့ထားကြောင်း နယူးဒေလီအခြေစိုက် သတင်းဖော်ပြချက်များအရ သိရသည်။နှစ်နိုင်ငံ ငါးနှစ်သဘောတူစာချုပ်အရ အိန္ဒိယနိုင်ငံသည် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစဉ်းငုံတန်ချိန် ၁ သိန်း အထူးသွင်းခွင့်ပြုထားခြင်းဖြစ်သည်။သို့ရာတွင် အစိုးရဆိုင်ရာ အရင်းအမြစ်များအရ မြန်မာနိုင်ငံမှ တင်သွင်းသည့် မတ်ပဲနှင့် ပဲစဉ်းငုံပမာဏများသည် နှစ်စဉ်သဘောတူချက်ထားရှိသည့် ပမာဏထက် နှစ်စဉ်ပိုမိုနေကြောင်း၊ အိန္ဒိယနိုင်ငံသည် ၂၀၂၁ ခုနှစ် မေလမှစတင်၍ မတ်ပဲနှင့် ပဲစဉ်းငုံများကို ကန့်သတ်ချက်မရှိ တင်သွင်းခွင့်ပြုခဲ့ပြီး ယခုအခါ ဤမူဝါဒကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ထားကြောင်း သိရသည်။



