back

ရှောင်လင်ကျောင်းထိုင်ဆရာတော်ဟောင်း ရှီယောင်ရှင်း ငွေကြေးအလွဲသုံးစားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရ

Nov 18 • 7:05 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ရှောင်လင်ကျောင်းထိုင်ဆရာတော်ဟောင်း ရှီယောင်ရှင်း ငွေကြေးအလွဲသုံးစားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရ

ကမ္ဘာကျော် ရှောင်လင်ကျောင်းတော်မှ ကျောင်းထိုင်ကိုယ်တော်ဟောင်းဖြစ်သူ အသက် ၆၀ အရွယ် ဆရာတော် ရှီယောင်ရှင်း ကို ကျောင်းပိုင်ရန်ပုံငွေများ အလွဲသုံးစားပြုလုပ်မှုနှင့်...

ကမ္ဘာကျော် ရှောင်လင်ကျောင်းတော်မှ ကျောင်းထိုင်ကိုယ်တော်ဟောင်းဖြစ်သူ အသက် ၆၀ အရွယ် ဆရာတော် ရှီယောင်ရှင်း ကို ကျောင်းပိုင်ရန်ပုံငွေများ အလွဲသုံးစားပြုလုပ်မှုနှင့် လာဘ်ငွေရယူမှု စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဟီနန်ပြည်နယ် တာဝန်ရှိသူများက နိုဝင်ဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဆရာတော် ရှီယောင်ရှင်းသည် သာသနာ့ဝန်ထမ်းနှင့် မအပ်စပ်သော ပြုမူမှုများကြောင့် ယခုနှစ် ဇူလိုင်လအတွင်း ကျောင်းထိုင်ဆရာတော်ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး၊ ၁၉၉၉ ခုနှစ်တွင် ကျောင်းထိုင်ဆရာတော်ဖြစ်လာသူ ၎င်းကို ရှောင်လင်ကွန်ဖူးသိုင်းပညာကို ပြည်ပသို့ ပြန့်ပွားအောင် ကြိုးပမ်းခဲ့သော်လည်း ဗုဒ္ဓဘာသာကို စီးပွားရေးဇာတ်သွင်းရန် ကြိုးစားမှုများကြောင့် တရုတ်ပြည်တွင်း၌ "စီအီးအို ဆရာတော်" ဟု လူသိများခဲ့သူဖြစ်သည်။

news-view-count-icon

31