back

(၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၅,၀၀၀ ကျော်ကို ထည့်သွင်းပြသပေးထား

Nov 18 • 7:11 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

(၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၅,၀၀၀ ကျော်ကို ထည့်သွင်းပြသပေးထား

လက်ရှိကျင်းပနေတဲ့ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၅၀၀၀ ကျော်ကို ထည့်သွင်းပြသပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း...

လက်ရှိကျင်းပနေတဲ့ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၅၀၀၀ ကျော်ကို ထည့်သွင်းပြသပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရပါတယ်။အဆိုပါပြပွဲကို နိုဝင်ဘာလ ၁၇ ရက်မှစတင်ကာ ၂၆ ရက်အထိ ၁၀ ရက်တိုင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး ပြပွဲတွင် ကျောက်စိမ်းအတွဲစုစုပေါင်း (၅,၀၈၅)တွဲ၊ ကျောက်မျက်ရိုင်းအတွဲ(၁၃)တွဲနှင့် ကျောက်မျက် လက်ဝတ်ရတနာအတွဲ (၁၄၇) တွဲတို့ဖြင့် စုစုပေါင်း ကျောက်မျက်အတွဲ(၁၆၀)နှင့် ပုလဲအတွဲ (၄၈၉)တွဲတို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ထို့အတူ ပြပွဲမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လက်ခံသည့် နိုင်ငံခြားငွေ အမျိုးအစားများဖြစ်တဲ့ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် ကျပ်တို့ကို အသုံးပြုနိုင်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရပါတယ်။ရောင်းချမှုများကိုလည်း နေ့အလိုက်ဆောင်ရွက်ပေးသွားမှာဖြစ်၍ ပုလဲအတွဲများကို ယနေ့ နိုဝင်ဘာလ ၁၈ ရက်မှ ၁၉ ရက်အထိလည်းကောင်း၊ ကျောက်မျက်အတွဲများအားလုံးကို နိုဝင်ဘာလ ၂၀ ရက်တွင်လည်းကောင်း ရောင်းချပေး သွားမှာဖြစ်ကြောင်း၊ ငွေအမျိုးအစား သတ်မှတ်မှုအနေဖြင့် ကြမ်းခင်းဈေးအား အမေရိကန်ဒေါ်လာဖြင့် သတ်မှတ် ထားသလို ငွေပေးချေမှုအတွက် ပြည်ပရတနာကုန်သည်များအနေဖြင့် နိုင်ငံခြားငွေ၊ ပြည်တွင်းရတနာကုန်သည် များအနေဖြင့် နိုင်ငံခြားငွေ သို့မဟုတ် မြန်မာကျပ်ငွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒီအပြင် ကျောက်ရည်၊ ကျောက်သွေးကောင်းမွန်မှု၊ လက်ဝတ်အချောထည် ထုတ်လုပ်နိုင်မှု၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝင်မှုနှင့် တန်ဖိုးဈေးနှုန်းရရှိနိုင်မှု စသည့်အခြေအနေများအပေါ် အခြေခံပြီး အုပ်စု(A၊ B၊ C)အဖြစ် သုံးအုပ်စု ခွဲခြားထားသည့် ကျောက်စိမ်းအတွဲပေါင်း (၅၀၈၅) တွဲကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၆ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရတနာကုန်သည်အားလုံးအနေဖြင့် အုပ်စုသုံးခုစလုံးကို ဝယ်ယူခွင့်ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ ကျောက်စိမ်းအတွဲများအတွက်လည်း ငွေအမျိုးအစားသတ်မှတ်မှုအနေဖြင့် အုပ်စု(A) နှင့် အုပ်စု(B) တို့အတွက် အမေရိကန်ဒေါ်လာဖြင့်လည်းကောင်း၊ အုပ်စု(C)အတွက် MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန် ရည်ရွယ်ရောင်းချခြင်းဖြစ်ခြင်းကြောင့် မြန်မာကျပ်ငွေဖြင့်လည်းကောင်း သတ်မှတ်ထားပြီး ငွေပေးချေမှုပြုလုပ်ရာတွင် ပြည်ပရတနာကုန်သည်များကတော့ နိုင်ငံခြားငွေကိုသာ သုံးစွဲရမည်ဖြစ်ပြီး ပြည်တွင်းရတနာ ကုန်သည်များအနေဖြင့် အုပ်စု(အေ)အတွက် နိုင်ငံခြားငွေဖြင့် ပေးချေရမည်ဖြစ်ကာ အုပ်စု(ဘီ)အတွက် နိုင်ငံခြားငွေ သို့မဟုတ် မြန်မာကျပ်ငွေ၊ အုပ်စု(စီ)အတွက် မြန်မာကျပ်ငွေကို သုံးစွဲနိုင်မှာဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတ်မှတ်ထားပါတယ်။


news-view-count-icon

40