၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ သတင်းအရ နေပြည်တော်ရှိ လူငယ်အများစုသည် ယခင်ကဲ့သို့ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးနှင့် အသုတ်စုံဆိုင်များထက် မာလာဟင်း၊ ပင်လယ်စာ၊ အကင်နှင့် အသားတုတ်ထိုးဆိုင်များ ကို ပိုမိုအားပေးလာကာ ထိုင်စားသည့် အလေ့အထ ခေတ်စားလာကြောင်း သိရသည်။ ညနေပိုင်း ကျောင်း၊ အလုပ်နှင့် ရုံးဆင်းချိန်များတွင်လည်းကောင်း၊ ညဘက် သူငယ်ချင်းများ စုဝေးချိန်တွင်လည်းကောင်း အဆိုပါဆိုင်များကို ပိုမိုလာရောက်ကြသဖြင့် ညဈေးသပြေကုန်းနှင့် မြို့မဈေးရှိ ဆိုင်များပါ ရောင်းအားကောင်းနေပြီး ယင်းအစားအစာများ ရောင်းချသည့်ဆိုင်များလည်း ပိုမိုများပြားလာကြောင်း ဒေသခံလူငယ်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
Nov 18 • 7:04 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 34 | 0 | 0 | 0 |


