ငွေကြေးဖောင်းပွမှုပြဿနာကို အမေရိကန်တွေ စိုးရိမ်မှုမြင့်တက်လာတာကြောင့် သမ္မတ ဒေါ်နယ်ထရမ့်က McDonald's စားသောက်ကုန်လုပ်ငန်းရဲ့ ပိုင်ရှင်တွေ၊ တာဝန်ယူဆောင်ရွက်သူတွေ၊ ကုန်ကြမ်းပံ့ပိုးသူတွေနဲ့ တွေ့ဆုံခဲ့ပြီး အစိုးရအဖွဲ့က ငွေကြေးဖောင်းပွမှု တိုက်ဖျက်နေပေမယ့် နောက်ထပ်လုပ်စရာတွေ အများကြီးလိုသေးတယ်လို့ နိုဝင်ဘာ၁၇ရက်တနင်္လာနေ့က ပြောသွားပါတယ်။ ၂၀၂၄ ရွေးကောက်ပွဲ စည်းရုံးရေးတုန်းက ကုန်ဈေးနှုန်းတွေ လျှော့ခချပေးမယ်လို့ ကတိပြုခဲ့တဲ့ထရမ့်က ပြည်တွင်းထုတ်လုပ်မှုများ ပြန်လည်မြှင့်တင်ပြီး အမေရိကန်တွေရဲ့ ဝင်ငွေတိုးတက်လာဖို့ ကူညီသွားမယ်လို့ ပြောနေပါတယ်။ နောက်ပိုင်းမှာတော့ အဆိုပါဆောင်ရွက်ချက်တွေ စတင်အကောင်အထည်ဖော်ဖို့ အချိန်ယူရဦးမယ်လို့ ဆိုနေပါတယ်။ နိုင်ငံအများအပြားအပေါ် ထရမ့်ချမှတ်ထားသော အခွန်စည်းကြပ်မှုတွေကြောင့် အမေရိကန်မှာ ကုန်ကျစရိတ် ဆက်လက်မြင့်တက်နေပါတယ်။



