back

တနင်္သာရီတိုင်း၊လောင်းလုံး ဆင်ထောင့်ကမ်းခြေတွင် ဝေလငါးမန်းသုံးကောင် သောင်တင်သေဆုံး

Nov 18 • 6:30 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၊လောင်းလုံး ဆင်ထောင့်ကမ်းခြေတွင် ဝေလငါးမန်းသုံးကောင် သောင်တင်သေဆုံး

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ ကျောက်တွင်းရွာအနီရှိ ဆင်ထောင့်ကမ်းခြေတွင် ဝေလငါးမန်း(ဒေသအခေါ် ဝါဇီပျော့) သုံးကောင် သောင်တင်ပြီး သေဆုံးနေကြောင်း မျက်မြင်ဒေသခ...

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ ကျောက်တွင်းရွာအနီရှိ ဆင်ထောင့်ကမ်းခြေတွင် ဝေလငါးမန်း(ဒေသအခေါ် ဝါဇီပျော့) သုံးကောင် သောင်တင်ပြီး သေဆုံးနေကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။မျိုးသုဥ်းရန်အန္တရာယ်ရှိနေသည့် ဝေလငါးမန်းများမှာ အရွယ်အစားအလွန်ကြီးမားသော မျိုးစိတ်ဖြစ်သည်။ဝေလငါးမန်း သုံးကောင် ဆင်ထောင့်ကမ်းခြေတွင် သောင်တင်သေဆုံးနေသည်ကို နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဒေသခံများက တွေ့ရှိကြခြင်းဖြစ်သည်။ အဆိုပါ ဝေလငါးမန်းသုံးကောင်စလုံးတွင် ပြင်ပထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မတွေ့ရကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

news-view-count-icon

52