မြန်မာနိုင်ငံတွင် ဖြစ်ပွားနေဆဲပဋိပက္ခ၊ ရေကြီးရေလျှံခြင်းနှင့် ၂၀၂၅ ခုနှစ် မတ်လ၌ လှုပ်ခတ်ခဲ့သည့်ငလျင် အပါအဝင် အခက်အခဲများစွာ၏ အကျိုးဆက်များကြောင့် ပြည်တွင်း နေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းခန့်ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)က ယမန်နေ့က ထုတ်ပြန်သည်။UN OCHA က ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ၄င်းတို့ နေအိမ်များကို စွန့်ခွာခဲ့ကြရပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ပိုမို များပြားလာခဲ့ကြောင်း ပြောကြားသည်။ 
| 29 | 0 | 0 | 0 |


