ထိုင်းနိုင်ငံတွင် အကျဉ်းကျနေသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အား ၎င်း၏ ဆက်သွယ်ရေးကုမ္ပဏီရောင်းချခဲ့မှုနှင့်ပတ်သက်ပြီး အခွန်ငွေများ ပြန်လည်ပေးဆောင်ရန် တရားရုံးချုပ်က နိုဝင်ဘာ ၁၇ ရက်တွင် အမိန့်ချမှတ်လိုက်သည်။၂၀၀၆ ခုနှစ်တွင် သက်ဆင်သည် အဂတိလိုက်စားမှု စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီး ၎င်း၏ကုမ္ပဏီ ရှင်းကော်ပိုရေးရှင်း (Shin Corp.) ၏ရှယ်ယာများကို အခွန်လွတ်ရောင်းချမှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့တာဖြစ်သည်။ထိုင်းနိုင်ငံ၏အချမ်းသာဆုံး လူပုဂ္ဂိုလ်များထဲမှတစ်ဦးဖြစ်သည့် အသက် ၇၆ နှစ်အရွယ် သက်ဆင်သည် ဝန်ကြီးချုပ်တာဝန်ယူခဲ့စဉ်က အဂတိလိုက်စားမှုများအတွက် ဘန်ကောက်ထောင်တွင် လက်ရှိထောင်ကျလျက်ရှိသည်။
Nov 18 • 6:29 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


