back

ပြည်တွင်းဈေးများတွင် သားငါးစျေးထက်ပင်ကျော်လွန်သည့်အထိ နံနံပင်စျေးများမြင့်တက်လာ

Nov 18 • 6:28 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းဈေးများတွင် သားငါးစျေးထက်ပင်ကျော်လွန်သည့်အထိ နံနံပင်စျေးများမြင့်တက်လာ

ယခုရက်ပိုင်းအတွင်း ကုန်စိမ်းသီးနှံများတွင် နံနံပင်များမှာ စျေးနှုန်းများမြင့်တက်နေပြီး သားငါးစျေးထက်ပင် ကျော်လွန်၍ မြင့်တက်နေသော အခြေအနေမျိုးဖြစ်နေကြောင်း ရန်ကု...

ယခုရက်ပိုင်းအတွင်း ကုန်စိမ်းသီးနှံများတွင် နံနံပင်များမှာ စျေးနှုန်းများမြင့်တက်နေပြီး သားငါးစျေးထက်ပင် ကျော်လွန်၍ မြင့်တက်နေသော အခြေအနေမျိုးဖြစ်နေကြောင်း ရန်ကုန်မြို့ရှိ လက်လီစျေးများအတွင်းမှ သိရသည်။အဆိုပါ နံနံပင်စျေးနှုန်းများမှာ ယခုလအတွင်း ဆက်တိုက်မြင့်တက်နေခြင်းဖြစ်သလို နိုဝင်ဘာပထမပတ် အတွင်းက တစ်ဆယ်သားလျှင် ၄,၀၀၀ ကျပ်ဖြစ်လာခဲ့ပြီး လက်ရှိတွင် တစ်ဆယ်သား ၆,၀၀၀ မှ ၇,၀၀၀ ကျပ်ကြား အထိ မြင့်တက်ကာ သားငါးစျေးနှုန်းများထက်ပင် မြင့်တက်နေသော အခြေအနေမျိုးဖြစ်နေကြောင်း သိရသည်။ထိုသို့စျေးမြင့်ခြင်းကြောင့် ကုန်စိမ်းရောင်းသူအများစုမှာ လက်လီစျေးကွက်အတွင်း ရောင်းချနိုင်ခြင်းမျိုး မရှိတော့သလို မုန့်ဟင်းခါးနှင့် လက်သုပ်စုံအရောင်းဆိုင်အများစုမှာလည်း ပဲသီးနှင့် ပူစီနံအရွက်များကိုသာ အစား ထိုးသုံးစွဲခြင်းများရှိလာကြောင်း သိရသည်။

news-view-count-icon

62