မြန်မာ့စာတိုက်လုပ်ငန်းသည် ယခင်ထုတ်ဝေခဲ့သော မြန်မာ့တူရိယာ တံဆိပ်ခေါင်းများကို စုဆောင်းသူများ တစ်စုတစ်စည်းတည်း ရရှိနိုင်စေရန် ရည်ရွယ်၍ တူရိယာများ ပါဝင်သည့် ၂၀၀ ကျပ်တန် (၆) လုံးပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးကို နိုဝင်ဘာလ ၂၀ ရက်၊ နံနက် ၉:၃၀ နာရီ မှစတင်၍ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ရှိ စာတိုက်ကြီးများအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်ရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးမည်ဖြစ်သည်။ အထူးအစီအစဉ်အနေဖြင့် ယင်းနေ့တွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးစာတိုက်ကြီးများ၌ ဝယ်ယူသည့် တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့တူရိယာများ ပါဝင်သည့် ၂၀၀ ကျပ်တန် (၆) လုံးပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် နိုဝင်ဘာ ၂၀ တွင် စတင်ရောင်းချမည်
Nov 18 • 5:32 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


