back

ဗင်နီဇွဲလားရှိ 'ဒီ လို့စ် ဆိုလက်စ် ဂိုဏ်း' ကို အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာ

Nov 18 • 5:36 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဗင်နီဇွဲလားရှိ 'ဒီ လို့စ် ဆိုလက်စ် ဂိုဏ်း' ကို အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို ဦးဆောင်သည်ဟု စွပ်စွဲထားသော 'ဒီ လို့စ် ဆိုလက်စ် ဂိုဏ်း' ကို နိုဝင်ဘာ ၂၄ ရက်နေ့မှစ၍ နိုင်ငံခ...

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို ဦးဆောင်သည်ဟု စွပ်စွဲထားသော 'ဒီ လို့စ် ဆိုလက်စ် ဂိုဏ်း' ကို နိုဝင်ဘာ ၂၄ ရက်နေ့မှစ၍ နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်း အဖြစ် တရားဝင် သတ်မှတ်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ မာဒူရိုကမူ အမေရိကန်၏ စွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ပယ်ချခဲ့သည်။ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် တရားမဝင် သတ္တုတူးဖော်မှုတို့တွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသော ဤဂိုဏ်းကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် အမေရိကန်အစိုးရသည် ၎င်းတို့နှင့် ဆက်နွှယ်သူများအပေါ် ပိုမိုပြင်းထန်စွာ နှိမ်နင်းနိုင်မည်ဖြစ်ပြီး၊ မာဒူရိုအပေါ် ဖိအားပေးရန်နှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို လျှော့ချရန် အမေရိကန်၏ ကြိုးပမ်းမှုတစ်ရပ်လည်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

42