အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် လွန်ခဲ့သည့်သီတင်းပတ်က ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူရှစ်ဦး သေဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသခံ အမျိုးသားတစ်ဦး ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၆ ရက်တွင် ပြောသည်။ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ထားသည့် အဆိုပါတိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့်ကားသည် ဖမ်းဆီးခံရသူအမည်ဖြင့် မှတ်ပုံတင်ထားပြီး၊ ၎င်းသည် အသေခံဗုံးခွဲသမားနှင့် ပူးပေါင်းကြံစည်သည်ဟု အာဏာပိုင်များက ယူဆထားသည်။ လုံခြုံရေးတင်းကျပ်သည့် ဒေလီမြို့တွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့သော ဤပေါက်ကွဲမှုသည် ခံတပ်နီအနီးရှိ မြေအောက်ရထားဘူတာရုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Nov 18 • 5:30 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 33 | 0 | 0 | 0 |


