back

တရုတ် (တိုင်ပေ) ပြဿနာ စစ်ရေးအရ တုံ့ပြန်ရေး ဂျပန်ပြည်သူများ သဘောထား ကွဲလွဲမှုရှိ

Nov 18 • 5:27 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

တရုတ် (တိုင်ပေ) ပြဿနာ စစ်ရေးအရ တုံ့ပြန်ရေး ဂျပန်ပြည်သူများ သဘောထား ကွဲလွဲမှုရှိ

နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကျိုဒိုသတင်းဌာန၏ လူထုစစ်တမ်းရလဒ်များအရ တရုတ်ပြည်မကြီးက တရုတ် (တိုင်ပေ) ကို စစ်ရေးအရ တိုက်ခိုက်ပါက ဂျပန်နိုင်ငံအနေဖြင့် စစ်ရေ...

နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကျိုဒိုသတင်းဌာန၏ လူထုစစ်တမ်းရလဒ်များအရ တရုတ်ပြည်မကြီးက တရုတ် (တိုင်ပေ) ကို စစ်ရေးအရ တိုက်ခိုက်ပါက ဂျပန်နိုင်ငံအနေဖြင့် စစ်ရေးအရ ကြားဝင်သင့်၊ မသင့်နှင့် ပတ်သက်၍ ဂျပန်ပြည်သူများအကြား သဘောထား ကွဲလွဲနေကြောင်း သိရသည်။ စစ်ရေးအရ ကြားဝင်ရန်အတွက် ၄၈.၈ ရာခိုင်နှုန်းက ထောက်ခံပြီး၊ ၄၄.၂ ရာခိုင်နှုန်းက ဆန့်ကျင်ခဲ့သည်။ ဤအခြေအနေသည် ဂျပန်ဝန်ကြီးချုပ်သစ် တာကာအိချီ၏ ပြောကြားချက်များကြောင့် တရုတ်နှင့် ဂျပန်တို့အကြား သံတမန်ဆက်ဆံရေး တင်းမာနေချိန်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် ဂျပန်ပြည်သူ ၆၀.၄ ရာခိုင်နှုန်းက ဝန်ကြီးချုပ်၏ ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်မည့် အစီအစဉ်ကို ထောက်ခံထားကြသည်။

news-view-count-icon

14