back

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ ဆွေးနွေးပွဲနှင့် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲ ရန်ကုန်တွင် ကျင်းပ

Nov 18 • 5:22 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ ဆွေးနွေးပွဲနှင့် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲ ရန်ကုန်တွင် ကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) ဆွေးနွေးပွဲနှင့် ၂၀၂၅ ခုနှစ်၊ စတုတ္ထသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲအခမ်းအနာ...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) ဆွေးနွေးပွဲနှင့် ၂၀၂၅ ခုနှစ်၊ စတုတ္ထသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲအခမ်းအနားကို နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရန်ကုန်၌ ကျင်းပခဲ့ရာ တရုတ်သံအမတ်ကြီး မာ ကျားနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့အပါအဝင် ကိုယ်စားလှယ် ၁၆၀ ကျော် တက်ရောက်ခဲ့သည်။ သံအမတ်ကြီး မာ ကျားက GGI ၏ အဓိကအယူအဆ (၅) ချက်ကို မိတ်ဆက်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကာ ပိုမို တရားမျှတသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေးကို မြှင့်တင်ရန် တိုက်တွန်းခဲ့ကာ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံအနေဖြင့် အဆိုပါအစီအမံကို ကြိုဆိုထောက်ခံကြောင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အတူတကွ ကာကွယ်သွားရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

news-view-count-icon

21