back

ထိုင်း ဘတ် ၁,၀၀၀ တန် ငွေစက္ကူကို အတု ၊ အစစ်စစ်ဆေးနည်းများ

Nov 18 • 4:27 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း ဘတ် ၁,၀၀၀ တန် ငွေစက္ကူကို အတု ၊ အစစ်စစ်ဆေးနည်းများ

ထိုင်း ရဲတပ်ဖွဲ့က ထိုင်း ငွေစက္ကူတွေ အစစ်လား အတုလားဆိုတာ ခွဲခြားသိနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကို အကြံပြုထားပါတယ်။အမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ...

ထိုင်း ရဲတပ်ဖွဲ့က ထိုင်း ငွေစက္ကူတွေ အစစ်လား အတုလားဆိုတာ ခွဲခြားသိနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကို အကြံပြုထားပါတယ်။အမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Archayon Kraithong က ဘတ် ၁,၀၀၀ တန် ငွေစက္ကူကို အလင်းရောင်မှာ မြှောက်ကြည့်ပြီး အပေါ်ကနေ အောက်ကို သွယ်တန်းနေတဲ့ အစက်ချမျဉ်းကို စစ်ဆေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ငွေစက္ကူအစစ်မှာတော့ "1000 บาท" (ဘတ် ၁၀၀၀) လို့ ရိုက်နှိပ်ထားတဲ့ အစက်ချမျဉ်းကို တွေ့ရမှာ ဖြစ်ပါတယ်။ဒီရိုက်နှိပ်ထားတဲ့စာသားဟာ ငွေစက္ကူအတုတွေမှာ ပါလေ့မရှိပါဘူး။ထိုင်းနိုင်ငံမှာ အကြွေစေ့တွေ ဒါမှမဟုတ် ဘဏ်စက္ကူတွေကို အတုလုပ်တာဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ၊ ဒဏ်ငွေ ဘတ် ၂၀,၀၀၀ ကနေ ၄၀,၀၀၀ အထိ အပြစ်ပေးနိုင်တဲ့ ရာဇဝတ်မှုတစ်ခု ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။အတုဖြစ်မှန်း မသိဘဲ သုံးမိရင်တောင်မှ ငွေစက္ကူအတု သုံးစွဲတာဟာ ရာဇဝတ်မှုတစ်ခု ဖြစ်ပါတယ်။အတုမှန်းမသိဘဲ ငွေစက္ကူအတု သုံးစွဲမိသူတွေဟာ ထောင်ဒဏ် ၁၀ နှစ်အထိ၊ အများဆုံး ဒဏ်ငွေ ဘတ် ၂၀,၀၀၀ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်ပါတယ်။ငွေစက္ကူအတုကို တမင်တကာ သုံးစွဲတဲ့ ဘယ်သူမဆို ထောင်ဒဏ် ၁ နှစ်ကနေ ၁၅ နှစ်အထိ နဲ့ ဒဏ်ငွေ ဘတ် ၂,၀၀၀ ကနေ ၃၀,၀၀၀ အထိ ကျခံရနိုင်ပါတယ်။

news-view-count-icon

30