မလေးရှားနိုင်ငံ ၊ ပီနန်ပြည်နယ် ၊ Lorong Bukit Juru ရှိ ထိုင်းစားသောက်ဆိုင်(ala-Thai)တွင် အစားအသောက်နှင့် ပတ်သက်၍ စကားများရန်ဖြစ်ပြီးနောက် မြန်မာနိုင်ငံသူ စားဖိုမှူးကို မြန်မာနိုင်ငံသား အမျိုးသား ၃ ဦးက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း မလေးရှား the star သတင်းကဖော်ပြသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၆ ရက်) ည ၉ နာရီခန့်တွင်၎င်းဆိုင်တွင် မြန်မာနိုင်ငံသားများသည် မှာယူစားသောက်ခဲ့ပြီး အစားအစာနှင့် ပတ်သက်ပြီး အငြင်းပွားခဲ့ကြသည်။ ထို့နောက် မြန်မာ အမျိုးသား ၁ ဦးကသူ၏ ညီအကိုတော်စပ်သူကို ဖုန်းဆက်ခေါ်ပြီး ဆိုင်သို့ပြန်လာကာ မြန်မာနိုင်ငံသူ စားဖိုမှူးကိုဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ဖော်ပြသည်။ ထိုဖြစ်စဉ်တွင် သေဆုံးသည့် အမျိုးသမီး၏ ခင်ပွန်းနှင့် သူငယ်ချင်းဖြစ်သူတို့လည်း ခန္ဓာကိုယ်တွင်ဒဏ်ရာများ ရရှိခဲ့ကြပြီး ၎င်းတို့သည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။
Nov 18 • 4:28 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


