၁၈.၁၁.၂၀၂၅ ရက်နေ့၊ ၀၂နာရီ ၄၀ မိနစ်အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သီရိမင်္ဂလာ(၁၄)လမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့ပါတယ်။အဆိုပါသတင်းရရှိသဖြင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မော်လမြိုင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မြိုင်သာယာနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ လူမှုကယ်ဆယ်ရေးပရဟိတအသင်းမှ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပါတယ်။မြန်မာစံတော်ချိန် ၀၃ နာရီ၀၅မိနစ် အချိန်တွင်မီးငြိမ်းပါသည်။
Nov 18 • 4:26 AM
မြန်မာ
မွန်
မျှဝေမည်
| 39 | 0 | 0 | 0 |


