back

ဂျပန်အိမ်ရှေ့စံမင်းသမီး အိုင်ကို ပထမဆုံးပြည်ပခရီးစဉ်အဖြစ် လာအိုကို ရောက်ရှိလာ

Nov 18 • 4:24 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်အိမ်ရှေ့စံမင်းသမီး အိုင်ကို ပထမဆုံးပြည်ပခရီးစဉ်အဖြစ် လာအိုကို ရောက်ရှိလာ

ဂျပန်အိမ်ရှေ့စံမင်းသမီးလေး အိုင်ကို (Aiko) ဟာ သူ့ရဲ့ ပထမဆုံး တရားဝင် ပြည်ပခရီးစဉ်အဖြစ် နိုဝင်ဘာလ ၁၇ ရက်၊ ဒီကနေ့ လာအိုနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ မီဒီယာသတင်း...

ဂျပန်အိမ်ရှေ့စံမင်းသမီးလေး အိုင်ကို (Aiko) ဟာ သူ့ရဲ့ ပထမဆုံး တရားဝင် ပြည်ပခရီးစဉ်အဖြစ် နိုဝင်ဘာလ ၁၇ ရက်၊ ဒီကနေ့ လာအိုနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ မီဒီယာသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီခရီးစဉ်ဟာ အရှေ့တောင်အာရှမှာရှိတဲ့ ဂျပန်ရဲ့ အကျိုးခံစားခွင့်ရ ကုန်းပိတ်နိုင်ငံငယ်လေးဖြစ်တဲ့ လာအိုကို အထိမ်းအမှတ်တစ်ခုအနေနဲ့ လာရောက်တဲ့ ခရီးစဉ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်သာရှိသေးတဲ့ မင်းသမီးလေးဟာ ဘုရင်နာရူဟီတို (Naruhito) ရဲ့ တစ်ဦးတည်းသော သမီးတော်ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျပန်တော်ဝင်မိသားစုမှာ အမျိုးသားဖြစ်မှသာ ထီးနန်းဆက်ခံရမယ် ဆိုတဲ့ စည်းမျဉ်းတွေကြောင့် ထီးနန်းဆက်ခံမယ့်စာရင်းမှာ အိုင်ကို ပါဝင်ခြင်းတော့ မရှိပါဘူး။ အိုင်ကိုဟာ ဂျပန်နဲ့ လာအိုတို့ရဲ့ သံတမန်ဆက်ဆံရေး အနှစ် ၇၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ရက်သတ္တတစ်ပတ်ကြာအောင် ဗီယန်ရှင်းမှာ ရှိနေမှာဖြစ်ပါတယ်။

news-view-count-icon

14