ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၉) ရပ်ကွက်ရှိ လမ်းမပေါ်မှ နေအိမ်တစ်အိမ်ကို စည်ပင်ကားမှ ဝင်တိုက်မှု ယမန်နေ့(နိုဝင်ဘာ ၁၅) မွန်းလွှဲ ၁၂နာရီ ၂၀မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။အဆိုပါလမ်းမပေါ်ရှိ နေအိမ်ကို စည်ပင်ကားမှ ဝင်တိုက်မှု ဖြစ်စဥ်နှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ စည်ပင်သာယာရေးရုံးသို့ ဆက်သွယ်ရန် ကြိုးစားသော်လည်း စည်ပင်သာယာရေးရုံးဖုန်းကို ဆက်သွယ်၍ မရရှိခဲ့ပေ။



