back

ဆန်ကြမ်း ဈေးကျသည့် ထားဝယ်ဈေးကွက်

Nov 16 • 4:43 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

ဆန်ကြမ်း ဈေးကျသည့် ထားဝယ်ဈေးကွက်

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်းကြက်သွန်ဖြူနှင့် ရွေအပ်ငရုတ်ခြောက် ဈေးတက်ပြီးဆန်ကြမ်းဈေးကျ​နေသည်။ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် နိုဝင်ဘာလ ၉ ရက်နေ့က ကြက်သွန်ထူ...

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်းကြက်သွန်ဖြူနှင့် ရွေအပ်ငရုတ်ခြောက် ဈေးတက်ပြီးဆန်ကြမ်းဈေးကျ​နေသည်။ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် နိုဝင်ဘာလ ၉ ရက်နေ့က ကြက်သွန်ထူး ၄ တစ်ပိဿာ ၉၀၀၀ ကျပ်မှ ယခုသီတင်းပတ်ဖြစ်သည့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တစ်ပိဿာ ၉၅၀၀ ကျပ်၊ကြက်သွန်ဖြူထူး ၅ တစ်ပိဿာ ၉၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်နှင့် ရွှေအပ်ငရုတ်အခြောက်တစ်ပိဿာ ၁၆၀၀၀ ကျပ်မှ ၁၆၅၀၀ ကျပ်သို့ အသီးသီးဈေးတက်လာခြင်းဖြစ်သည်။အခြားစားဖိုဆောင်သုံးပစ္စည်းများဖြစ်သည့် ကြက်သွန်နီနှင့် ထားဝယ်ဆန်အမျိုးအစားများမှာဈေးငြိမ်နေ သည်ကိုဇယားပါသည့် ဈေးနှုန်းများအတိုင်းတွေ့ရှိရမည်ဖြစ်သည်။ထို့ကြောင့်အကယ်ဒမီပေါ်ဆန်းဆန် အမျိုးအစားတချို့မှာ တစ်ပတ်အတွင်း အမျိုးအစားပေါ်မူတည်ပြီး တစ်အိတ်လျှင် ၁၂၅၀၀ ကျပ်မှ ၁၅၅၀၀ ကျပ်အထိ အများဆုံးဈေးတက်သွားသည်ကို တွေ့ရမည်ဖြစ်သည်။



news-view-count-icon

39