ထိုင်း မိုးလေဝသဌာန (TMD) က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်ကနေ ၂၃ ရက်အထိ မတည်ငြိမ်တဲ့ ရာသီဥတုအခြေအနေတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။ နေရာကွက်ကြား မိုးထစ်ချုန်းရွာတာ၊ အပူချိန် ၇ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းတာ၊ တောင်ပိုင်းမှာ မိုးကြီးတာကနေ အလွန်ကြီးတာအထိ ရွာသွန်းတာ၊ ဘန်ကောက်မှာ ရာသီဥတု အေးမြတာတွေ ကြုံတွေ့ရနိုင်ပါတယ်လို့ ဆိုပါတယ်။ရာသီဥတု မတည်ငြိမ်မှုက အရှေ့မြောက်ပိုင်းက Ubon Ratchathani, Si Sa Ket, Surin, Buriram နဲ့ Nakhon တွေအနေနဲ့လည်း စိုက်ပျိုးရေး ထွက်ကုန်တွေ ပျက်စီးဆုံးရှုံးမှုကနေ ကာကွယ်ဖို့နဲ့ လျှော့ချဖို့ ပြင်ဆင်ထားသင့်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်တဲ့ ကြေညာချက်တွေကို လိုက်နာဖို့ တောင်းဆိုထားပြီး၊ TMD ဝဘ်ဆိုဒ် (http://www.tmd.go.th) ဒါမှမဟုတ် ဖုန်းနံပါတ် 0-2399-4012-13 နဲ့ 1182 ကို ၂၄ နာရီပတ်လုံး ဆက်သွယ်ပြီး သတင်းအချက်အလက်တွေကို သိရှိနိုင်ပါတယ်။



